Monday, March 10, 2008

အိမ်ပြန်ရမဲ့အချိန်ကို မျှော်နေတဲ့သမီ:

ဟိုး… တောင်ပေါ်ကြား

နှင်းမှုန်တွေ များစွာနဲ့

ပန်းမန်မျိုးစုံး ဖူဖွင့်နေတဲ့

သေးငယ်လှတဲ့ ပလောင်ရွာကလေးဆီး

သမီးအပြေးကလေး သွားချင်တယ်။

သို့ပေမဲ့လည်း

ရည်မှန်းချက်နဲ့ ဘ၀အတွက်တက်လှမ်း

ဘ၀တိုက်ပွဲကို မျှော်လင့်ချက်များစွာနဲ့

တိုက်ပွဲဝင်ရမဲ့ သမီးအတွက်

အခက်အခဲတွေ ကြုံးရလည်း

ပီတိဖြာနေတဲ့ အပြုံးမပျက် အမေ့မျက်နှာ

ဘယ်ခါမှမေ့မရခဲ့။

အန္တရာယ်များစွာနဲ့ ကြမ်းတမ်းလှတဲ့

အဝေးတနေရာမှာ

အခါခါ အားငယ်မိပေမဲ့

မေမေရဲ့ နှစ်သိမ့်စကား

ဖေဖေရဲ့ အားပေးစကာအပြုံးနဲ့

သမီးအတွက်

ခွန်အားတွေ ပြန်ပြည့်လာစေခဲ့။

အန္တရာယ်နဲ့ ဘယ်လိုကြုံကြုံ

သမီးဆုံးဖြတ်လိုက်ပြီ အမေ

တိုက်ပွဲကို အပြီးထိဝင်
မျှော်မှန်းချက် ပြည့်စုံတဲ့နေ့

မိဘအရိပ်အာဝါသဆီသို့

ကျေးဇူးဆပ်ဖို့

ဟိုး…….တောင်ပေါ်ကြားက

နှင်းမှုန်များစွာနဲ့

ပန်းမျိုးစုံဖူပွင့်နေတဲ့

သေးငယ်လှတဲ့

ပလောင်ရွာကလေးဆီးသို့

အပြေးကလေး သမီးပြန်လာခဲ့မယ်။

1 comment:

မြန်မာပြည်ကိုလွမ်းတယ် said...

မျှော်မှန်းချက်တွေပြည့်စုံပြီး
အိမ်မြန်မြန်ပြန်ရပါစေလို.ဆုတောင်း
ပေးလိုက်တယ်နော်