Friday, March 14, 2008

အကြွေပန်း

ရယူခြင်းလို့လည်း မဆိုပါဘူး

ပေးဆပ်ခြင်းသက်သက်လို့လည်း အမည်မတပ်ရက်ပါ

ချစ်သူ နမ်းရိုက်ဖို့ ကြွေခဲ့ရတဲ့

အပြစ်မဲ့တဲ့ ငါရဲ့အချစ်ပန်းတွေကို

မနမ်းရိုက်ချင်ရင်တောင်မှ

ရနံ့မဲ့အဖိုးမထိုက် ပန်းလို့မဆိုလိုက်ပါနှင့်

မင်းပျော်ရွှင်ဖိုး မထိုက်ထိုက်

ချစ်သူလျှောက်တဲ့လမ်း ဖြောင့်ဖြူးဖို့ ကြွေပါရစေ

ငါ့ရင်ခွင်ခန်းကို မင်းသွားတဲ့ လမ်းအဖြစ် ခင်းပါစေ

နှလုံးသားမှာ ချစ်ခြင်းများနှင့် ခြေရာထင်ကျန်ရစ်ခဲ့ပါ

ကျောခိုင်းသွားတဲ့ ငါ့ချစ်သူရေ။

No comments: