Monday, March 10, 2008

အိမ်ပြန်ချင်သူ

ပြောင်းလဲမူတို့သစ်လွင်တောက်ပ

ဝမ်းနည်းခြင်းများ ရင်မှာရောယှက်

ဖန်တီးသူမဲ့ ကွက်လပ်များဖြင့်

ဌာနေမြေကို လွမ်းရင်း

အိမ်ပြန်ချင်သူပါ။

အဝေရောက်သူ လွမ်းစိတ်မပြေ

အတိတ်ဆီက နေ့ရက်တွေကို

လက်ချိုးရေတွက် တောင့်တမိတော့

ဝမ်းသာတလှည့် ၀မ်းနည်းတခါ

ရင်မှာခံစား နာကျင်ပြန်တော့

မျက်ဝန်းရိပ်မှာ ပုလဲတွေနဲ့ပါ။

သို့သော်လည်းပဲ

အဖေါ်သစ်နှင့် နေရာသစ်မှာ

နှောင်ကြိုးမဲ့စွာ ရင်းနှီးကျွမ်းဝင်

တစ်ယောက်ထဲသာ အထီးကျန်သူဟု

ရင်မှာခံစား

မျှော်လင့်ချက်တို့ဖြင့် နွေးထွေးနေဆဲပါ.....

No comments: