Sunday, March 16, 2008

နှလုံးသားရဲ့ စေစားရာ

ပန်းအလှ ဆင်တဲ့အခါ

မလိုအပ်တဲ့ အခတ်အရွက်တွေရှာ

ညှပ်ပစ်ရတာပဲလေ...

ပန်းအလှ ဆင်သလိုပဲ

ကိုယ့်ဘ၀ကို အလှဆင်

မလိုအပ်တာတွေ ဖယ်ထုတ်ချင်ပေမဲ့

ရင်ထဲမှာ အမြစ်တွယ်နေပြီဖြစ်တဲ့

အချစ် ကင်ဆာလေ

ဘယ်လိုမှ ပြင်ဆင်မရခဲ့..

ပင်ပန်းတယ်ဆိုလည်း ပင်ပန်းလို့

နွမ်းလျခဲ့တဲ့ စိတ်တွေ

နွေခေါင်ခေါင် မီးလောင်သလိုပါပဲ

ဒါပေမဲ့.....

ရှောင်ကွင်းသွားဖို့တော့

မေ့ထားရင်း မေ့ယောင်ဆောင်လို့

အမှောင်ထဲပဲ ဆက်လျှောက်ချင်မိသူ....

No comments: