Monday, March 10, 2008

မွေးရပ်မြေ အလွမ်း..


ရွက်ဟောင်းလေလွင် ရွက်သစ်ဖူးပွင့်

ရွှေဖီကာလ နွေအစ

ရွှေဥသြငယ် သာယာသံစဉ်ချိုလွင်လွင်

ကြားရတိုင်း ရင်မှာလှိုင်ထ

မေ့မရခဲ့ မွေးရပ်ဒေသ

တောင်ပြာတန်းအလှ တောမြိုင်အလှ…..

တွေမိလေးတိုင်း မြမျက်ဝန်းမှ

ကြွေလုမျောစီး ပုလဲမျက်ရည်တို့

ကြိတ်မှိတ်ခပင် မျိုသိပ်ခဲ့ရ မကြာခဏပဲ

တမ်းတလေလေ ဝေးလေလေမို့

အိပ်မတ်ကမ္ဘာ စိတ်ကူးထဲမှာ

ရည်ရော်မှန်းဆ လွမ်းရပါရဲ့ မွေးရပ်မြေ……

ရာသီတွေပြောင်း အချိန်နှောင်းလည်း

မပြောင်းမလဲ တည်ရှိနေမြဲ

တောင်တန်းကြီးတွေ

စိမ်းလန်းစိုပြည် လက်ဖက်ခြံမြေ

ထင်ရူးတန်းအလှ ထိုဒေသကို

စွန့်ခွာခဲ့ရ တခါက

ငြိမ်းချမ်းဘ၀ ထိုပန်းအလှကို

ရင်ခွင်ပိုက်ပြီး ပိုင်ဆိုင်ရမှ

အရောက်လှမ်းမည် မွေးရပ်ဆီသိုံ….

No comments: