Sunday, March 16, 2008

တိတ်တခိုး

စတွေ့သည်မှာ ယနေ့ထိတိုင်

ရင်တွင်းမြတ်နိုး တိတ်တခိုးနှင့်

ချစ်ခဲ့မိတာကို

သူ… သိမည်မဟုတ်ပါလေ…..

ဖွင်ပြောချင်လည်း

သိက္ခာဂုဏ်ကို ထိန်းရသည်မို့

ရေငုံနူတ်ပိတ် နေသည်ကိုလည်း

သူ…သိမည်မဟုတ်ပါလေ…..

နောက်ဆုံးတော့လည်း

သူ့အနားမှာနေ

သူနှင့် အတူသွား

သူစကား နားထောင်

သူဆန္ဒများကို ဖြည့်ဆည်းပေးရင်း

တိတ်တခိုး အချစ်နှင့်

ထာဝရ အတွက်

သူငယ်ချင်း အဖြစ်နှင့်တာ…….

No comments: