Sunday, March 16, 2008

ရင်ခွင် မဲ့တေး

မသေချားတဲ့ အိပ်မတ်တစ်ခုကို

ငါက အခန်းဆက်မက်နေမိတာပါ

မင်မပါတဲ့ နောက်ဆက်တွဲ ဇာတ်လမ်းအကျဉ်းကို မဖတ်ချင်တော့ဘူး

လွမ်းတက်တဲ့စိတ်တွေ တစိမ့်စိမ့်ကျော်ဝင်နေတုန်း

ဆုံးရူံးရပြီ ဆိုတဲ့အသိမှာ

ချောင်ပိတ်သားကောင်တစ်ကောင်

တန်းဖိုးထားလို့ မှာခဲ့တယ်ဆိုရင်လည်း

ရိုသားတဲ့ ငါ့စိတ်ကို

ခေါင်းညိတ် အသိအမှတ်ပြုပေးပါ…

ကြာရင်မေ့မယ်ထင်တဲ့ ခွဲခွာမူမှာ

ဘာကြောင့် အမှတ်တရတွေ ကျန်ခဲ့ရတာလဲ

လည်ပြန်ငဲ့ တွေးမိတိုင်း

မျက်ဝန်းကကြယ်မှုန်းတွေ တဖျပ်ဖျပ်ကြွေတယ်

ဘယ်လိုလှပတဲ့ စကားလုံးနဲ့မှ

ငါ့အလွမ်းကို မထုဆစ်နိုင်ဘူး…..

မင်းလက်ထဲက ငါ့အနာဂတ်ကို

အချိုသတ် အဆိပ်ခတ်တာတောင်

ငါက ကျေနပ်တဲ့စိတ်နဲ့ ခွင်လွှတ်မှာပါ…….

No comments: