ချရေးလို့ မရတဲ့ စကားတွေ
ရင်ထဲမှာ အပြည့်ရှိတယ်
မင်းသားနှလုံးသားနှင့် ဖတ်မယ်ဆို
ကိုယ်ရင်ခွင်အို ဟိုအဆုံးထိ ဖွင့်လို့ထားလိုက်မယ်…..
မျိုးသိပ်ထားရတဲ့ ချစ်ခြင်းတွေ
ကောင်းကင်ကြီး တစ်ခုစာရှိတယ်
မင်းသာ တန်ဖိုးထားတတ်မယ်ဆို
မိုးမင်းကြီးညို တိမ်တွေလို ငိုလို့
အားလုံးကို သွန်ချပစ်လိုက်ချင်ပါရဲ့။
ဘ၀နှင့်ရင်းပြီး အချစ်ကိုမှ
လောင်းကြေးထပ်မိတဲ့ ကိုယ်
မကျွမ်းခင်းကပဲ လွမ်းနှင့်နေရမှာလာ
ယုံဖို့ရာ ခတ်ပေမဲ
ကိုယ့်ကိုမှ ချစ်မိတယ် ဆိုတဲ့စကား
နားထောင်ကောင်အောင်ပဲ မင်းပြောခဲ့လား……
မင်းရဲ့သတင် မင်းရဲ့အတင်း
မယုံချင်လည်း
တားနေကြတဲ့ စကားတွေရဲ့ကြား
နားတွေကိုပိတ် မျက်စိတွေလည်း မှိတ်လို့
တိတ်တိတ်လေးပဲ ဆုံးဖြတ်တယ်….
လူဘ၀ရဲ့ ခဏတာ
မျက်စိတစ်မှိတ် ကာလလေးအတွင်းမှာ
နောင်တတွေနှင့်လည်း မနေလိုပါ
ထားရက်ရင်လည်း နေခဲ့ပါမယ်
ချန်ခဲ့ရင်လည်း ကျန်ရစ်ပါ့မယ်
ဒါပေမဲ့လည်းလေ…..
တစ်သက်မှာ တစ်ကြိမ်တော့
ကိုယ့် သိပ်ချစ်ရတဲ့ သူကို







No comments:
Post a Comment