Sunday, March 16, 2008

ဆန္ဒရဲ့  ချည်တိုင်

ဟိုတောင်တန်းဆီက

ပြိုမယောင် လွှမ်းနေတဲ့ မိုးတိမ်တွေ

လေအရမ်းမှာတော့

ခရေပန်းတွေ မြေမှာ ကြွေရှာပေါ့

အလွမ်းရင့် ရာသီမှာ

ပန်းပွင့်တွေကို စာစီရင်း

တစ်ပင်ဖြတ် တစ်ပင်တွယ်

မသေတတ်တဲ့ နွယ်ရှင်တွေနှင့်

တမ်းတမျှော်လင့်

ဆုံဆည်းခွင့်ဟာ

ဘယ်ရက်ဘယ်ခါ မသိနိုင်လည်း

ကာလ ရော်ရင့်တဲ့ အထိ

ထာဝရ မျှော်လင့် နေမှာပါ…..

No comments: