Thursday, March 13, 2008

ကြေကွဲမူ ရင်ခုန်သံ

ဒဏ်ရာတွေ ဗရပွနှင့် အက်ကြောင်း ထပ်နေတဲ့

ကိုယ့် နှလုံးသားထဲမှာ မင်းကိုမေ့လို့မရနိုင်တဲ့

ရင်ခုန်သံ တစ်စုံရှိတယ်

ဝေးခဲ့ကြတဲ့ အချိန်လေးတွေ

ကာလ ကြာခဲ့ပေမဲ့

အမြဲတမ်း တမ်းတနေခဲ့တာ

မင်းတစ်ယောက်ကို ရူးရူးမူးမူး မြတ်နိုးခဲ့မိလို့ပါ။

မင်းမရှိတော့တဲ့နောက်

မင်းသိပ်မြတ်နိုးခဲ့ဖူးတဲ့ ကိုယ့်ဆံပင်လေးတွေ

ကြင်နာခဲ့ဖူးတဲ့ အချိန်လေးတွေ

အရာရာ အာလုံးကို

ကိုယ် တန်ဖိုးထားတက်နေခဲ့ပြီ။

အရင်ကတည်းက မဆုံဖြစ်ခဲ့ကြရင် သိပ်ကောင်းမှာလို့

နာကျင်စွာ ညည်းညူခဲ့ဖူးပေမဲ့

နောင်တနှင့် အလွမ်းတွေကို ရင်မှာပိုက်

အကောင်အထည် ဖော်ခွင့်မရှိတဲ့ ဆန္ဒအတွက်

အကြိမ်ကြိမ် အငြင်းပွားနေမိတယ်။

ချစ်သူလေးရယ်…

ဘယ်တော့မှ မကုန်ဆုံးနိုင်မယ့်

ငါ့ရင်ဘတ်ထဲက အချစ်တွေကို

မင်းလေး မသိနိုင်လည်း

မင်းတစ်ယောက်ကို ထာဝရ မြတ်နိုးနေမိဦး

ကြေမွနေတဲ့ နှလုံးသား တစ်စုံးနှင့်ပေါ့။

No comments: