ခဏတာ အပျော် မဟုတ်ပါဘူ
ဘ၀မှာ အဖော်အဖြစ်ရယ်လို့
ရည်စူးကာ ကိုယ့်ချစ်ခဲ့
တစ်ယောက်တည်းသာပေါ့ တစ်သက်တိုင်…
အချစ်တွေ ခိုင်ခိုင်မြဲ
ချစ်ပြီးလျှင် ပိုင်ဆိုင်ရချင်ရဲ့
အသည်းနှင့်ထပ်တူ…
မေ့သူတွေ မေ့ကာသွားပေမဲ့
စိမ်းသူတွေ စိမ်းကားရက်ပေမဲ့
ခွဲသူတွေ ခွဲထားရက်ပေမဲ့
ကိုယ့်ရင်ခွင် ကိုယ်အသည်းမှာ
သူကိုလေ
ထားရစ်ဖို့ မဖြစ်နိုင်..
ကိန္နရာ မောင်နှံထက် လွမ်းရက်ရှည်
နှစ်တရာပင် ဝေးကွာရစေဦးတော့
စိတ်အစဉ် ကိုယ့်အတွေးမှာလေ
အချစ်ဦးရယ်..
မင်းတစ်ယောက် အမြဲ…..







No comments:
Post a Comment