Wednesday, March 19, 2008

အိပ်မတ်သခင်

အိပ်မတ်များ သခင်

ရင်ခွင်ရဲ့ အရိပ် စိတ်၏ခြေရာ

အသည်းညှာရဲ့ သော့

အိပ်ပျက်အောင်လည်

လွှမ်းမိုးနိုင်သူ တခဏမြင်ရ

သူရဲ့ ပုံရိပ် သိမ်မွေ့ဟန်နှင့်

အသံလွင်လွင် ညင်ညင်သာသာ

ရင်မှာစွဲလမ်း တမ်တမွတ်သိပ်

အတွေးစိတ်မှသည် အိပ်မတ်ဆီထိ

နှောင်ငြိတွယ်ငင် သံယောဇဉ်

ဘယ်သူဖြတ်မှ ဖြတ်နိုင်လိမ့်မည် မဟုတ်.......

No comments: