လမင်းလေးရေ
အသည်းမှာ စွဲနေတဲ့ မြားချက်က
ဘယ်သူမှ မသိဘူး
ငါ့ကို ရူးသွားစေခဲ့တာ….
လမင်းလေးရေး
မင်းကို ငါသိပ်ချစ်တယ်
ရာစုနှစ်ပေါင်းများစွာ ကတည်းက
အခုထိ မရိုးနိုင်တဲ့ စကားလုံးဆိုပေမဲ့
ငါ့အသက်နှင့် ဘ၀ကြီးတစ်ခုလုံးက
ဒီစကားလုံးနှင့် တစ်ထပ်တည်း ကျတယ်….
လမင်းလေးရေ
အချစ်ဟာ လောင်စာပဲ ဖြစ်စေဦး
ငါ့နှလုံးသားနှင့် ရင်းပြီး
အလောင်ကျွမ်းခံဝံ့တယ်….
၁၅၀၀ လွင်ပြင်ဟာ
လူသက်ကွင်းပဲ ဖြစ်ပါစေ
ငါ့ ရင်ထဲမှာ ဘယ်တော့မှ
အင်ကြင်းပန်းတွေ ပွင့်လာမှာ မဟုတ်ဘူး….
လမင်းလေးရေ
တစ်ရေးလန့်အနိုးမှာတောင် ငါညည်းတယ်
မင်းကိုချစ်တယ်…







No comments:
Post a Comment