Sunday, March 9, 2008

ပီတိမျက်ရည်

အမေ လက်ဖြင့်

ဆေးရောင်တို့ကို ချယ်မှုန်းခဲ့။

အမေ လက်ဖြင့်

ရုပ်ပုံတို့ကို အသက်သွင်းခဲ့။

အမေလက်ဖြင့်

စုတ်ချက်တို့ကို ရေးချယ်ခဲ့။

အမေ လက်ဖြင့်

အရာရာကို ပြည့်စုံစေခဲ့။

ရှင်းသန့်တဲ့ ပန်းချီကား ပွဲထုတ်ချိန်မှာတော့

အမေတယောက်ထဲ

ဟိုး….အဝေးမှာ

ပီတိကိုစား မျက်ရည်များနဲ့

သင်တန်းဆင်းပွဲကို

ငေးနေမှာပါ။

No comments: