လင်းလက်ခွင့် မရှိတဲ့ဘ၀မှာ
ကြယ်တစ်ပွင့်လည်း မဖြစ်ချင်ဘူး
ချိုတဲ့တဲ့ ဘ၀မှာ
ပန်းချီလည်း မဆွဲတတ်ချင်ဘူး
ရယ်မောခွင့် မရှိတဲ့ဘ၀မှာ
အောင်နိုင်သူလည် မဖြစ်ချင်ဘူး
နွေမရှိတဲ့ အရပ်မှာ
ကဗျာဆရာလည်း မဖြစ်ချင်ဘူး
ဒီလိုပဲ
မနီးစပ်နိုင်တဲ့ ဘ၀မှာ
အချစ်ဆိုတာလည်း မရှိချင်တော့ဘူး
တကယ်တော့…..
မုန်တိုင်းမိနေတဲ့ လှေငယ်တစ်စင်း
ကမ်းကပ်ခွင့်ကို တောင့်တသလို
ငါမင်းကို လိုအပ်ခဲ့ပါတယ်
ဒါပေမဲ့…….
တကယ်တမ်းမှာတော့
ငါ့ ဘ၀ရဲ့ကြမ်းတမ်းမှုတွေကြောင့်
မင်း ကမ်းထားတဲ့လက်ကလေးတွေကို
တပ်မတ်မှု သက်သက်နှင့်
မဆုပ်ကိုင်ရက်ခဲ့ပါ
မချစ်လို့မှ မဟုတ်ဘဲလေ…







