Friday, April 18, 2008

အသံမဲ့ မြို့ဟောင်း

ကွဲကွာကြမှာ စိုးလို့

တင်ကျပ်စွာ ဆုပ်ကိုင်လိုက်ကြတာမှ

အဲဒီလက်နှစ်စုံထဲမှာ

အနာဂတ်တစ်ခု တွန့်ကြေသွားတယ်

ကြယ်တွေနှင့် သီထားတဲ့ကြိုးကို

မေ့ထားတာပါ

မေ့သွားတာမဟုတ်ပါဘူး

ဆောင်းလေညင်းက

ညနေနှင့် စစ်ခင်းတဲ့အချိန်ဆို

ဝိညာဉ် လွင့်မတတ်

လွမ်းရုံက လွဲပြီး

ငါအဆင်ပြေပါတယ်

မသိစိတ်အလိုဆို

ရင်ခွင် နွေးနွေးဆီကို

ပြန်ပြေးပြီး

အားပါးတရသာ ငိုကြွေးပစ်လိုက်ချင်တယ်

ဒီအချိန်ဆို

ငါဖြိုဖျက်ခဲ့တဲ့ သစ္စာအိမ်လေးထဲမှာ

ငါဆိုးခဲ့တဲ့ ဝေဒနာတွေနှင့်

ချစ်သူအဆင်မှပြေပါ့မလာ……..

1 comment:

lwansay said...

ဒီကဗျာလေး ကြိုက်တယ် အစ်ကိုရေ ...။

ကွဲကွာကြမှာ စိုးလို့ တင်ကျပ်စွာ ဆုပ်ကိုင်လိုက်ကြတာမှ အဲဒီလက်နှစ်စုံထဲမှာ အနာဂတ်တစ်ခု တွန့်ကြေသွားတယ် ကြယ်တွေနှင့် သီထားတဲ့ကြိုးကို မေ့ထားတာပါ မေ့သွားတာမဟုတ်ပါဘူး

ဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲ ။း)