Monday, May 19, 2008

ချစ်သူ

ချစ်သူ မင်းလမင်းကြီးဖြစ်ခဲ့ရင်

ကိုယ့်ဟာ လင်လက်တဲ့ကြယ်အဖြစ်နဲ့

မင်းအနာမှာ ခစားပါရစေ

ချစ်သူရဲ့ လှပတဲ့အချစ်ရေလှိုင်း

တိုက်စားဒဏ်ကြောင်း

ကိုယ့်နှလုံးသားရဲ့ ကျောက်ဆောင်း

ပြိုးလည် ပျက်စီးနေခဲ့တယ်

Friday, May 9, 2008

ဆွဲအား

လိပ်ပြာလေတွေလို ပျံသန်းဖို့

အတောင်းပန်ရှိခဲ့ပေးမဲ့

ပန်းပွင့်လေရဲ့ သင်းကြိုင်းရနံ့မွှေးတဲ့

ဆွဲအားကြောင့်ရယ် ချိုသာတဲ့ပန်းဝတ်ရည်းကြောင်း

စွဲးလန်ယစ်မူးနေမိတယ်

ကိုယ့်လည် သူရဲ့အချစ်နွံ့အိုင်ထဲမှာ

ရုန်ထွက်မနိုင်အောင် ချစ်နေမိခဲ့တယ်

ကိုယ့် ရုန်ထွက်ဖို့လည် ဘယ်တော့မှ

မကြိုးစားခဲ့ဘူ

ကိုယ့်ဟာ သူအတွက်ဆိုရင်

ဘယ်အရာမဆို ပေးဆပ်ဖို့

အဆင့်သင်ပါ

ကိုယ့်ရဲ့အချစ်တွေ အားလုံးလည်

ပေးဆပ်ခြင်း သက်သက်ပါ

သူရဲ့အချစ်တွေလည် မမျှော်လင့်ရဲ့တော့ဘူ

သူရဲ့ ဆွဲအားကြောင်း

ကိုယ့် ဒူထောက်အရှုံးပေးပါတယ်

Thursday, May 8, 2008

ဝေးကွာခြင်း

အချစ်ရယ်……..

နှောင်ဖွဲ့ ချစ်ခြင်း

အပြစ် ကင်းခဲ့သော်လည်း

ဝဠ်ကြွေး ကြမ္မာ

မရှောင်သာလို့

တွယ်တာသမျှ

ကွယ်ရာက လွမ်း

ရှင်ခန်း ပြတ်ခဲ့ကြပြီနော်…..

နှင်းဆီ

တကယ်ဆို…..

ကဗျာ မဆန်ချင်ပါဘူး

အရူးအမူး စွဲလမ်းခဲ့ရုံပါ

မာယာတွေ

အထာတွေ

ဘာညာ…..မသိ

ဆူးထိမှပဲ

အဆိပ်ရှိမှန် သိရတော့တာ

မျက်ကန်းချစ်သူ တစ်ယောက်ရဲ့

မှတ်သားလောက်တဲ့ ဒဏ္ဍရီတစ်ပုဒ်ပါ

ကျေနပ်ပါတယ်

ဂရုစိုက်ရရုံ

အရိပ်ြကည့်နေရရုံ

မြတ်နိုးရရုံ သက်သက်

ချစ်တဲ့သူအတွက် ပေးဆပ်ချင်မိတာ

ရင်ထဲကစေတနာ ဆိုတာ

အသိအမှတ် ပြုစေချင်တယ်

နှင်းတွေငိုနေတဲ့ ဆောင်းနံနက်ခင်း

နေရောင်ခြည် အလင်းတန်းတွေ

မင်းနံဘေးမှာ ဝေလာတဲ့အခါ

အလှဆုံးရောင်ဝါတွေ ဖြာဆင်းပြီး

ပြုံးပြုံးကြီး ပွင့်လိုက်စမ်းပါကွယ်

ငါ့ ရင်မှာတစစ်စစ်နာကျင်ရလည်း

ကျေနပ်တယ်…….

Wednesday, May 7, 2008

အလွမ်းဝေး

ဘ၀မှာ ဖြစ်ချင်တာကတစ်ခု

ဖြစ်ခဲ့တာကတစ်ခု

ဘယ်လို ပြောရမလဲ

ကောင်းကင်က ကြွေကျလာတဲ့

ဥက္ကာပျံ အပိုင်းအစလေးလိုပေါ့

တချို့က ဒါကို

ကြယ်ကြွေတာတဲ့

ဆုတောင်းမယ် ကြံရွယ်တုန်း

လက်ခနဲ့နှင့်

ပျောက်သွားတယ်လေ

တကယ်တော့

ဒါဟာ

ငါ့ ဘ၀ဖြစ်နေခဲ့တယ်

ဘာပဲဖြစ်ဖြစ်ပါ

ချစ်သူ….

ငါ့ရင်ခွင့်ထဲမှာ

မင်းရဲ့ အသက်ရှုသံတွေရှိသေးတယ်

ချစ်သူ

မင်း လက်မောင်းပေါ်မှာ

ငါ့ မျက်ရည်တွေစိုစွတ်နေဦးမယ်

ချစ်သူ

မင်း ရှိတယ်ဆိုတဲ့အသိရဲ့

မင်း မသိတဲ့အစွဲနှင့်

ဆိတ်သုဉ်းခဲ့သော ဂစ်တာသံလေး

အသေအချာ ရှိနေသေးရဲ့

အလွမ်းနှင့် ဝေးကြတဲ့အခါ……

ဗဟုသုတအတွက်

တစ်ဦးနှင့်တစ်ဦး နီးစပ်လွန်းလျှင်အပြစ်မြင်ပြီး ခွဲခွာရတတ်သည်။

Hope for the best, prepare for the worst.

အကောင်းဆုံးကို မျှော်လင့် အဆိုးဆုံးအတွက်ပြင်ဆင်။

Life is a struggle.

ဘ၀ဟူသည် ရုန်းကန်ခြင်းသာဖြစ်သည်။

Life is a winding road.

ဘ၀သည် ကောက်ကွေ့သော လမ်းကလေးနှင့်တူ၏။

Tuesday, May 6, 2008


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင် စားဝတ်နေရေးဖူးလုံးမူမရှိ၊ သောက်သုံးရေလည်အခတ်အခဲရှိတောင်မှ အားဏာပိုင်တွေကဘာမှတောင်မလုပ်ပေးနိုင်ဘူး


သူတို့မှာ ဘာမှပါလာတာ မတွေ့ရဘူး။
နီးစပ်ရာ အိမ်က ဓားတွေငှားပြီး ခုတ်နေတာ တွေ့ရတယ်။ ပါလာတဲ့ စစ်ဗိုလ်ကတော့ အရန် မီးသတ်တယောက်ကို ခေါ်ပြီး ရပ်ကွက်ထဲက ကားတစီးကို ငှားတယ်…”

Friday, May 2, 2008

လုပ်ဆောင်ချက်

မင်းရဲ့ ဘ၀အတွက်

ငါ့ကိုအသုံးချ စတေးရလည်း

ငါ မြးကြီးလိုပဲ အနင်းခြေခံရဲတယ်

မင်းရဲ့ဘ၀ အတွက်

ခိုလှုံရာရင်ခွင် တမ်းတဖြစ်ရင်

ငါ ကောင်းကင်လိုပဲရပ်တည်ရဲတယ်

မင်းရဲ့ ဘ၀အတွက်

ငါမှောင်နေလည်း မင်းလင်းစေဖို့

ငါ လမင်းလိုပဲပေးဆပ်ရဲတယ်

မင်းရဲ့ ဘ၀အတွက်

ရှင်သန်ဖို့ စွမ်းအင်လိုအပ်ခဲ့ရင်

ငါ နေမင်းလိုပဲလောင်ကျွမ်းရဲ့တယ်

ဒါဟာ စိတ်ကူး

ငါ့ရဲ့ ရူးသွပ်မူပေါ့

တကယ်တော့

မင်းရဲ့ဘ၀ထဲ မ၀င်ရဲခဲ့တဲ့ ငါ

ရင်နာနားနှင့်ပဲ

ချစ်နေရတယ်……..

Tuesday, April 29, 2008

အချစ်နှင့် သူ၏ဆန္ဒ

လင်းလက်ခွင့် မရှိတဲ့ဘ၀မှာ

ကြယ်တစ်ပွင့်လည်း မဖြစ်ချင်ဘူး

ချိုတဲ့တဲ့ ဘ၀မှာ

ပန်းချီလည်း မဆွဲတတ်ချင်ဘူး

ရယ်မောခွင့် မရှိတဲ့ဘ၀မှာ

အောင်နိုင်သူလည် မဖြစ်ချင်ဘူး

နွေမရှိတဲ့ အရပ်မှာ

ကဗျာဆရာလည်း မဖြစ်ချင်ဘူး

ဒီလိုပဲ

မနီးစပ်နိုင်တဲ့ ဘ၀မှာ

အချစ်ဆိုတာလည်း မရှိချင်တော့ဘူး

တကယ်တော့…..

မုန်တိုင်းမိနေတဲ့ လှေငယ်တစ်စင်း

ကမ်းကပ်ခွင့်ကို တောင့်တသလို

ငါမင်းကို လိုအပ်ခဲ့ပါတယ်

ဒါပေမဲ့…….

တကယ်တမ်းမှာတော့

ငါ့ ဘ၀ရဲ့ကြမ်းတမ်းမှုတွေကြောင့်

မင်း ကမ်းထားတဲ့လက်ကလေးတွေကို

တပ်မတ်မှု သက်သက်နှင့်

မဆုပ်ကိုင်ရက်ခဲ့ပါ

မချစ်လို့မှ မဟုတ်ဘဲလေ…

Monday, April 28, 2008

တစ်သက်တာ နှစ်သိမ့်မှု

သိစိတ်က ငြင်းဆန်နေရင်းနှင့်

မသိစိတ်က တဖြည်းဖြည်းငြိတွယ်လာခဲ့တယ်

ဦးနှောက်က လက်မခံဖို့ဆုံးဖြတ်နေသလောက်

နှလုံးသားက အနက်ရှိုင်းဆုံးချစ်နေမိပြန်ရော

သတိမရဖို့ ဇွတ်အတင်းမေ့ထားတဲ့ကြားက

ဆွတ်ကျင်တဲ့ အလွမ်းတွေကိုဘယ်လိုတာဆီးရမလဲ

မဖြစ်နိုင်မှန်း သိပါလျက်နှင်

အနာဂတ်ကို ပုံဖော်နေမိပြန်တယ်

ခက်တယ်ကွယ်……

နှလုံးသားက ဦးနှောက်လိုမဆင်ခြင်တတ်

ဦးနှောက်က နှလုံးသားလိုမချစ်တတ်နှင့်

တကယ်ဆို

ပိုင်ဆိုင်ခွင့် ပေးနိုင်ဖို့ဝေးလို့

ဖွင့်ဟခွင့်လေးတောင် မရနိုင်တော့တဲ့ဘ၀မှာ

တစ်သက်တာ အတွက်

တိုးတိတ်စွာ လွမ်းရင်း

နှုတ်ဆိတ် ကျေနပ်နေပါ့မယ်

Saturday, April 26, 2008

ကျွန်တော်မှားတယ်

တောင်ဆီမှာ မိုးတွေညှိ့နေပေမယ့်

ကျွန်တော်ဟာ တိမ်တွေမဟုတ်ခဲ့လေတော့

မိုးစက်တွေ ရွာချပေးဖို့လည်မဖြစ်နိုင်ပြန်ဘူး…

ကျွန်တော့်ကိုယ်ပိုင်မြင်ကွင်းထဲမှာ

ပြတင်းပေါက်တစ်ချပ် မရှိခဲ့လေတော့

မေးထောက်ပြီး မကြည့်ဖြစ်ပြန်ဘူး……

သူများထက်ဦးအောင်

ဝီရိယတွေ ခေါင်းထဲထည့်မထားမိခဲ့လေတော့

အပြစ်ရှိကြောင်း ခေါင်းငုံ့ရုံ……..

အဲဒီနေ့ မနက်ခင်းလေး

နေခြည်ဝင်းပတဲ့ ကောက်ကြောင်းလေးရေးဆွဲချိန်

ချစ်သူ့ခေါင်းပေါ်မှာ

စံပယ်တွေ ဝေေ၀ဆာဆာပွင့်လို့……

ကျွန်တော် မှားတယ်

အမှားနဲ့နောင်တ

တစ်ထပ်တည်းမကျဘူး

အိပ်ရာထပျင်းခဲ့တယ်လေ……….

Wednesday, April 23, 2008

အမုန်းမဲ့ ရင်ခွင်

ဝင်သက်ထွက်သက်တွေနှင့်

ဆက်လက် ရှင်သန်နေဆဲပေမဲ့

ကိုယ့် နှလုံးသွေးတွေကတော့

မင်းစကားလုံးတွေရဲ့ လက်ချက်နှင့်တင်

ရပ်တန့်ခဲ့ပြီ

သိမ်မွေ့တဲ့ချစ်ခြင်းတရားတစ်ခုအတွက်

မာနတွေငဲ့ကွက်ဘဲ ပေးဆပ်ခဲ့ခြင်းဟာ

ကိုယ့် အတ္တသက်သက်အတွက်တဲ့လား

ချစ်ရသူရယ်

အဆုံးစွန်ဆုံး မြတ်နိုးခဲ့ပေးမဲ့

မင်းအတွက်

မနွေးထွေးခဲ့တဲ့ ကိုယ့် ရင်ခွင်ကို

ယောင်လို့တောင်မှ ကရုဏမထားလိုက်ပါနှင့်

ကိုယ့် မျက်ရည်တွေနှင့် မင်းခြေဆေး

ကိုယ့် နှလုံးသားကိုခြေနင်းလုပ်လို့

တစ်ပါးရင်ခွင်ဆီ သွားမယ့်မင်းလမ်းခရီးမှာ

ပျော်ရွှင်ပါစေ ချစ်သူ…………

Friday, April 18, 2008

အသံမဲ့ မြို့ဟောင်း

ကွဲကွာကြမှာ စိုးလို့

တင်ကျပ်စွာ ဆုပ်ကိုင်လိုက်ကြတာမှ

အဲဒီလက်နှစ်စုံထဲမှာ

အနာဂတ်တစ်ခု တွန့်ကြေသွားတယ်

ကြယ်တွေနှင့် သီထားတဲ့ကြိုးကို

မေ့ထားတာပါ

မေ့သွားတာမဟုတ်ပါဘူး

ဆောင်းလေညင်းက

ညနေနှင့် စစ်ခင်းတဲ့အချိန်ဆို

ဝိညာဉ် လွင့်မတတ်

လွမ်းရုံက လွဲပြီး

ငါအဆင်ပြေပါတယ်

မသိစိတ်အလိုဆို

ရင်ခွင် နွေးနွေးဆီကို

ပြန်ပြေးပြီး

အားပါးတရသာ ငိုကြွေးပစ်လိုက်ချင်တယ်

ဒီအချိန်ဆို

ငါဖြိုဖျက်ခဲ့တဲ့ သစ္စာအိမ်လေးထဲမှာ

ငါဆိုးခဲ့တဲ့ ဝေဒနာတွေနှင့်

ချစ်သူအဆင်မှပြေပါ့မလာ……..

Thursday, April 17, 2008

အတ္တမဲ့ အချစ်

သိပ်ချစ်တာပဲကွယ်တဲ့

ချစ်နှုတ်ဖျားက ပြောတဲ့စကား

ကိုကြားတော့သိမ့်သိမ့်တုန်

နှလုံးခုန်သံတွေမြန်ပြီး

မူမေ့တောင် သွားချင်မိရဲ့

အဲဒီအချိန်ကတော့

လမ်းခွဲဖို့ဆိုတာ မတွေးခဲ့မိဘူး

မြတ်နိုးလိုက်တာကွယ်တဲ့

ချစ်မျက်ဝန်းက ကြည့်တဲ့အကြည့်

ကို သိတော့အသည်းမှာငြိပြီး

မျက်လွှာချဖို့တောင် ၀န်လေးနေမိရဲ့

အဲဒီအချိန်ကတော့

ဝမ်းနည်းဖို့ဆိုတာ မစဉ်းစားခဲ့မိဘူး

မုန်းလိုက်ပါတော့ကွယ်တဲ့

ချစ် ပြောလိုက်တဲ့စကား

ကိုကြားတော့ ငေးနေရုံ

ချည်နှောင်မထားမိတဲ့ အဖြူထည်သံယောဇဉ်ကို

ချစ်ဥပေက္ခာပြုလည်း ကို ပြုံးနေပါ့မယ်

အဲဒီအချိန်မှာတော့ ကိုယ့်ကို

မျက်ရည်မကျဖို့ တားလို့မရခဲ့ဘူး….

Monday, April 14, 2008

ချစ်သောနွေ

စိမ်းပြာပြာ တောင်တန်းကြီးတွေနှင့်

ချမ်းအေးတဲ့ ပန်းမြို့တော်ဆီသို့တစ်ခေါက်

အလည်ရောက်လို့ သွားခဲ့စဉ်ကပေါ့

ယူကလစ်နံ့ သင်းတဲ့မြေးနီလမ်းကလေးမှာ

တေးလေးတွေကို ညည်းရင်း

စတော်ဘယ်ရီ ချဉ်ချိုမွှေးနှင့်

ရင်ကို အေးခဲဖူးပါတယ်

အရာင်အသွေး စုံလင်စွာ

ချစ်စရာကောင်တဲ့ ပန်းကမ္ဘာကြီးထဲမှာ

လိပ်ပြာလေးတွေကို အဖော်လုပ်လို့

ပျော်ခဲ့ဖူးတာလည်း သူတို့အသိနော်

မေ့ပျောက်လို့ မရနိုင်တဲ့

ရှမ်းခေါက်ဆွဲ ဆိုင်ကလေးရယ်

တောင်ပေါ်သားကို

မပြန်နိုင်အောင် လုပ်နေသလား

ပြီးတော့လေ

သိမ့်မွေ့တဲ့ အပြောလေးတွေနှင့်

နူးညံ့တဲ့ အကြေည့်တွေကိုပေလားသူ

စိန်ပန်းပြာနှင့် ငုပန်းဝါတို့ရေ

မင်းတို့တတွေ နွေရာသီကို ချစ်သလို

ကိုယ်လည်းပဲ နွေဆိုတာကို ချစ်တတ်ပြီနော်..

Friday, April 11, 2008

အလိုရှိသည်

ခဏတာ လာနား

ခိုနားပြီးရင် ပျံသန်းသွားမယ့်

ငှက်တစ်ကောင်ကို လှောင်မထားချင်ဘူး ချစ်

ခဏတာ စိုက်ပျိုး

ရှင်သန်ပြီးဆူချက်တွေ အမျိုးမျိုးနှင့်

ရင်ခွင်ကို အလဲထိုးမယ့်

ပန်းမျိုးကို တို့မပျိုးချင်းဘူး ချစ်

ခဏာတာ စီးဆင်း

နောက်ပြီးရင် လမ်းခွဲတွေကိုမေ့ပစ်တတ်တဲ့

မြစ်တစ်စင်းထဲကိုလည်း မသက်ဆင်းချင်ဘူးချစ်

ခဏတာထွန်းလင်း

လကွယ်ညမှာဆို မလင်းတဲ့

ကောင်းကင်က လမင်းကိုလည်း

မတပ်မက်ခဲ့ဘူး ချစ်

သို့ပေမဲ့လည်း

မတည်မြဲခြင်းတွေ များစွာထဲ

ပြောင်းလဲမှာကို ကြိုသိနေပေမဲ့

ခိုင်မြဲမယ့် အချစ်တစ်ခုကိုတော့

လိုချင်မိတယ် ချစ်

မလွမ်းဘယ်သူနေမှာလည်

ငါသိပ်ချစ်မြို့လေးဆီ

တောင်ပေါ်မြို့လေး ကျန်ရစ်ခဲ့တယ်

ချယ်ရီပွင့်ချိန် ချယ်ရီတွေမှပွင့်ရဲ့လာ

ရွာထိပ်က တစ်ပင်ထီးတည်း ပိတောက်ပင်ကြီးကတော့

သတိရခြင်းတွေ တစ်နင့်တစ်ထွေးပွင့်လို့

မြည်ကျိုးဌက်ကလေးကအော်မြည်လိုက်တယ်

နှင်းတွေညို့လာပါပြီလား

တောင်တန်းကြီးတွေပေါ် ဖွေးဖွေးလှုပ်အောင်ရွာချနေပြီ

ဘယ်ကမှစာမလာဘူး

ကုန်လွန်ခဲ့တဲ့ ရာစုနှစ်တွေဆီလွမ်းနေမိရဲ့

နောက်တစ်ကြိမ်း ဘယ်တော့ပြန်ဆုံကြမှာလဲ

နှင်းထုကြီးကလည်

ထူသထက်ထူ ပိတ်သထက်ပိတ်လာပြီ

ပိတောက်ပင်ကြီးလည်း တုန်တုန်ရီရီနဲ့

အလွမ်းတွေ လွှတ်ကျောင်းနေလိုက်တာ

ကြည့်စမ်း တစ်လောကလုံးလွင့်စဉ်ပြန့်ကျဲလို့

နွေရင်ခွင်ထဲ ကြွေတဲ့….ကိုယ်

တောင်ပြန်လေရူးက

ကိုယ့်ကို ဦးဦးဖျားဖျား ခိုးနမ်းသွားခဲ့ပြီ

ကံ့ကော်ကို ချစ်တဲ့သူတွေ

ပိတောက်ကို ချစ်တဲ့သူတဲ့တွေ

ငုကိုမှ ချစ်တဲါသူတွေ

ကိုယ်ကတော့

အဲဒီပန်းပွင့်ကလေးတွေ အားလုံး

ပါဝင်ထုံမွှမ်းထားတဲ့

နွေကိုချစ်တယ်

လွမ်းတတ်တဲ့ ဥသြလေးကို ချစ်တယ်

တောင်လေခေါ်ရာ လွင့်ပါနေကြတဲ့

ရွက်ဝါကလေးတွေကို ချစ်တယ်

ရိုးတံပြိုင်းပြိုင်းထ

ပင်အိုတွေရဲ့ အလှကိုချစ်တယ်

ဘယ်တုန်းကမှ ပါဝင်မဆင်နွှဲခဲ့ဖူးတဲ့

သင်္ကြန်ကို ချစ်တယ်

နောက်ပြီး

အဲဒီနွေရဲ့ အနုပညာထဲမှာ

ခံစားပျော်ဝင်သွားတတ်တဲ့

ကဗျာဆရာတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ချစ်တယ်

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်

နှစ်တွေဘယ်လို ပြောင်းပြောင်း

နွေတပေါင်း ရောက်တိုင်းမှာ

ကဗျာရင်ငွေ့ထဲ နစ်မောလို့

ကိုယ့်နှလုံးသားလေး မျော်ပါရမြဲလေ……

Sunday, April 6, 2008

Pink Roses For You..

Because you're a beautiful person,

I wanted to send something beautiful to you.

Because you always fill my world

with laughter and happiness,

I wanted to send something bright to you.

Because our friendship is true,

I wanted to send some pink roses to you.

It's not much,

but I hope this greeting will do.

In my own special way,

I just wanted to let you know that

you're in my thoughts today,

and I'm sending some good

wishes your way.

Saturday, April 5, 2008

ပန်ခဲ့ဖူးတဲ့ ပိတောက်ဝါ

ဧပရယ်လ်ရဲ့ ပိတောက်ဖူးရယ်

ငါရူးနေအောင် ချစ်ခဲ့ဖူးတယ်

နွေရဲ့ပိတောက် တစ်ခတက်ဟာ

ငါ့တစ်သက်မှာ ခါးသက်စေခဲ့သတဲ့

မထင်ခဲ့ပါဘူး

လှောင်ပြောင်တဲ့ အပြုံးတစ်အောက်

ဒူးထောက် ခစားဖို့ဆိုတာ

ကဗျာ ဆန်ပေမဲ့

ကာရံမှ မညီခဲ့တာကွယ်

တကယ်တော့

ငါရူးမိတာပါ

မေ့မရတဲ့ အတိတ်ဆိုတာ

အဆိပ်တွေနှင့် ပြည့်နှက်နေခဲ့တာလေ

ငါမှာတော့ သင်္ကြန်ရောက်တိုင်း ငို

ပန်ုခဲ့ဖူးတဲ့ ပိတောက်ဝါကို

လွမ်းဆွတ် နေမိပြန်တယ်

သြော်…ပိတောက်ဖူးရယ်

မုန်းလို့မှ မရခဲ့တာကွယ်…

ကိုယ့်နွေ

ပိတောက်နှင့် ငုတွေ

ကခုန်နေကြတဲ့

နွေရဲ့ ရင်အုံထဲမှာ

ကိုယ်တို့နှစ်ယောက်ရဲ့ အမှတ်တရ

ချစ်သူဘ၀ စတင်စီးဆင်းရာ

နွေဦးရဲ့ ညချမ်းတစ်ည

နွေးထွေးတဲ့ တောင်ပြန်လေဟာ

အချစ်ရနံ့တွေ သင်းပျံ့

ဖြည်းဖြည်းဖွဖွ ရှပ်တိုက်ပြေးနေဆဲ

ရွက်ခြောက်လေးတွေထဲမှာ

အချစ်သံစဉ်တွေငြိပါ

အရာရာဟာ

ကြည်နူးစရာ ရစ်ဖွဲ့ခဲ့ကြ……..

အဲဒီက စလို့

ကိုယ်အချစ်နွေဟာ

မာယာမရှိ

ဝေဒနာမရှိ

ပကတိ ရိုသားခြင်းတွေနှင့်

ဖြူစင်စွာ လင်းကျင်း

ရင်ခုန်ဖွယ် အပြစ်ကင်းစင်နေလေရဲ့…………

Thursday, April 3, 2008

သင်္ကြန်

သင်္ကြန်ရေ

နင့်ကတာ့ သင်္ကြန်မိုးနှင့်အတူ

ရောက်လာပြန်ပြီ

နင့်ကိုကြိုနေတဲ့ နွေပိတောက်နှင့်

ငုဝါတွေကြားမှာ နင့်ပျော်နေမှာ အသေအချာ…………..

ငါ့မှာတော့လေ

နင်ဖျန်းလိုက်တဲ့ သင်္ကြန်မိုးကြောင့်

ရင်ထဲက ဝေဒနာတွေအသစ်ဖြစ်လို့

ရင် မချိတော့ဘူ…………..

မနှစ်ကစိုခဲ့တဲ့ သင်္ကြန်ရေ

ရရှိခဲ့တဲ့ အကြင်နာ

ပန်ပေးခဲ့ဖူးတဲ့ ပိတောက်တစ်ခတ်ကို လွမ်းရင်း

ဒီနှစ်တော့

ရောက်မလာနိုင်သေးတဲ့ နင်ကိုသာအကြိမ်းကြိမ်းမျှော်

ဖလား တစ်ခွက်နှင့်

အထီးကျန်နေဆဲလေ……………

Tuesday, April 1, 2008

ရင်ထဲက အလွမ်းနွေ

တစ်နှစ်ဟောင်းလို့ တစ်နှစ်ပြောင်း

ကောင်းသောနှစ်သစ်

ဖွင့်ခြွေလှစ်လို့

နွေကိုချစ်တဲ့ သင်္ကြန်

ရောက်လာပြန်ပြီနော်…..

ပြန်လာလေမလား

မျှော်နေလျက်သားက

ဝေဒနာခါးခါးတို့ နှိပ်စက်

အိပ်ပျက်ရက်တွေ

သင်္ကြန် စာမျက်နှာထက်မှာ

စုတ်ချက်ကြမ်းကြီး ခြစ်လို့

အလွမ်းနွံမှာ နှစ်ထားခဲ့တယ်…..

အလွမ်းဆက်ရန်

ကိုယ် အားမသန်တော့

ရင်ခွင်နွမ်းဖျော့

ကျွမ်းလုလု အသည်းနှင့်

သခင်ပေါ်လာမယ့်လမ်း

ရော်ရမ်းလို့ မျှော်

အလွမ်း ပုံရိပ်တွေနှင့်

နိမိတ် ခြွေရင်း

အတိတ်နွေမှာ မွေ့လျော်နေဆဲမို့

မပျော်ပါဘူး သင်္ကြန်ရယ်…..

မျှော်လင့်ခြင်း ပိတောက်

ဧကရယ်လ်…..

ဒီလလေး ရောက်တိုင်း

ရင်မှာအတိုင်းမသိ ပျော်ရွှင်ရင်း

သူ့ကိုလေ သတိရမိတယ်…..

ပိတောက်ပွင့်တွေ မြင်ရတိုင်း

တူးပို့တေးသံတွေ ကြာရတိုင်း

ပျော်ရွှင်တဲ့ ရင်ခုန်သံစည်ချက်နဲ့အတူ

သူ့ကိုလေ လွမ်းနေမိတယ်…..

ဂိမာန်နွေ ရောက်တိုင်း

မျှော်လင့်မိတဲ့ မျှော်လင့်ချက်တစ်ခု

အခုချိန်ထိ

ရင်ထဲမှာ ရှိနေဆဲပဲလေ…….

သြော်….ရွှေဥသြရယ်

မင်းသိနိုင်မယ် ဆိုရင်

ငါ့ကိုအဖြေလေး တစ်ခုပေးစမ်းပါကွယ်

ခါသင်္ကြန် ရောက်တိုင်း

မျှော်လင့်မိတဲ့

ပိတောက်လေး တစ်ခတ်

ဒီနှစ်မှာရော

သူ့ဆီက ရနိုင်ပါ့မလားကွယ်….

Monday, March 31, 2008

သင်္ကြန် အလွမ်း

ခါသင်္ကြန်

ဝါဖူးတဲ့ ပိတောက်နှင့်အတူ

နှစ်သစ်ကူးဖို့ ရောက်လာခဲ့ပြန်ပေါ့…..

နွေဦးရဲ့ လေရူးတွေကြား

တူးပို့သံ ဆူညံညံမို့

ရင်ခုန်သံသစ်တွေနှင့်

ပျော်ခဲ့ဖူးပါရဲ့…..

တစ်ချိန်က

ပိတောက်တွေပန်

ရေစင်ဖျန်းလို့

ပျော်ခဲ့တဲ့ နှလုံးသားတစ်စုံ…..

ခုများတော့လေ

ပိတောက် တစ်ခက်

ဖလားခွက်ကိုင် လက်တစ်စုံနှင့်

နှစ်သစ် ရေစင်တွေကြား

မဆုံနိုင်တဲ့ ချစ်သူကိုမျှော်မှန်း

ပျော်ခဲ့တဲ့ နှလုံးသားတစ်စုံ

နွမ်းလျကာ နေရပေါ့

Sunday, March 30, 2008

အချစ်မဲ့ သင်္ကြန်

ရွှေမှုန်တွေ လိမ်းခြယ်ထားတဲ

ပန်းပိတောက်ရဲ့ အလှ

မြူးကြွတဲ့ တူးပို့တေးသံ

ဥသြဌက်ရဲ့ လွမ်းဆွေးသံကို ကြားလိုက်ရတော့

သင်္ကြန်တစ်နှစ် ရောက်ခဲ့ပြန်ပြီဆိုတာ

သိလိုက်တယ်….

ရင်ခုန်သံတွေ မြန်စေတဲ့

ချစ်ခြင်းဖွဲ့ သင်္ကြန်မှာ

ကြင်နာသူရဲ့ လက်ကိုတွဲ

ပျော်ရွှင်စွာ နွှဲမယ်လို့ တွေးထားကာမှ

မင်းက လမ်းခွဲသွားရသတဲ့လား…..

တကယ်ဆို

မချိုခဲ့သော ငါ့အိပ်မတ်တွေနှင့်

သင်္ကြန်ဆိုတဲ့ ရေစင်တွေရဲ့ကြား

မျှော်လင့်ချက်မဲ့များသာ ထွေးပိုက်ရင်း

မင်းရင်ခွင်ကို ငါတမ်းတ

သင်္ကြန်ရဲ့ ရသတွေလည်း

အခုတော့ မလှတော့ဘူးကွယ်…..

Saturday, March 29, 2008

ဆုံမှတ် တစ်ခုနှင့် ဝေးရာဆီ


ချစ်သူရေ…..

အချစ်ဆိုတာ ငါတို့အတွက်

အစိမ်းသက်သက် မဟုတ်ခဲ့ဘူးနော်

ဒါပေမဲ့ဟာ

နင့်နှင့် ငါ့ရဲ့အချစ်တွေက

တစ်ယောက်ကိုတစ်ယောက်

ယုံကြည်မှုတွေ ကင်းမဲ့

တယက် ချစ်ရဲ့လားလိုက သံသယတွေဝင်

တကယ်ဆိုရင်

နင့်ရောငါပါ သိထားရမှာက

ပုံအောပြီး ချစ်ခဲ့တဲ့

ငါတို့ရဲ့ အချစ်တွေကြောင့်လေ

အချိန်တွေကိုသာ

နောက်ပြန် ဆုတ်ခိုင်းလို့ရရင်

အခုလို ကမ္ဘာကြီးရဲ့

အစွန်း တစ်ဖက်ဆီမှာ

တို့နှစ်ယောက် ရှိနေမှာလား…..

Thursday, March 27, 2008

မြတ်နိုးမှု ဒဏ်ရာ

ငါ့ နှလုံးသားက ဒဏ်ရာ

သေရာပါသွားတော့မှာလား

ကြိုးစား မေ့ပျောက်ခဲ့ပေမဲ့

ရစ်ပတ်ခဲ့တဲ့ မြတ်နိုးမှုတွေက

ငါ့ဘ၀မှာ အမှတ်တရတွေ မြင်တိုင်း

နှိုင်းမရတဲ့ သံယောဇဉ်တွေနှင့်

နာကျင်ခဲ့တာ ရင်နှင့်အမျှလေ…

မဆုံနိုင်တော့မှန် သိရက်နှင့်

လွမ်းနေခဲ့တာ ဘာကြောင့်လဲ

ရင်ထဲမှာ ဝေဒနာတွေက နေရာယူ

နွေနေပူမှာ အထီးကျန်ဆဲ

ရိုးတံကျဲ သစ်ပင်တွေလို

ငါ ငိုနေမိတယ် တိတ်တခိုးလေ..

Wednesday, March 26, 2008

နှလုံးသား စကား

မြင်မြင်ချင်း ချစ်ခဲ့တာလည်း

မဟုတ်ဘူး

အနေနီးလို့ ချစ်မိတာလည်း

မဟုတ်ခဲ့ဘူး

အပြော ကောင်းလို့ ခိုက်သွားတာလည်း

မဟုတ်ပါဘူး

နှလုံးသားက ချစ်လိုက်ဆိုလို့

ချစ်ခဲ့မိတာ သိပ်ချစ်မိတာပါ……..

Monday, March 24, 2008

ကြယ်ကြွေချိန်

လွမ်းစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ

အိပ်မွေ့ချထား ခံလိုက်ရပြီဖြစ်တဲ့

ကိုယ့် နှလုံးသား အခန်းထဲမှာ

အထီးကျန်ခြင်းတွေက လွဲပြီး

ဘာဆိုဘာမှ မကျန်ရစ်ခဲ့တော့ပါလား….

ကိုယ်တကယ် ချစ်ခဲ့တယ်

ကိုယ်တကယ် မြတ်နိုးပါတယ်

နောက်ဆုံးတော့

ကိုယ်တကယ် ခွဲခွာထားခဲ့ရပြီလား

“ချစ်လို့ မုန်းခဲ့ပြီ” တဲ့

ဒီစာသားလေးကိုစာ အထပ်ထပ်ရွတ်ဆို

ငိုကြွေးစရာ မျက်ရည်လည်း မရှိတော့ပါဘူး

ရူးသွပ်ခြင်းလို့ပဲ ဆိုဆို

ကိုယ် ဆက်ချစ်နေဦးမှာပါ…..

ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို

တစ်ခါ ရေရွတ်လိုက်တိုင်း

နှလုံးသား တံတိုင်းမှာ ပဲ့တင်ထပ်လို့

အက်ကြွေကျသွားတဲ့ သတ်သေမဲ့ ချစ်ခြင်းတွေထဲမှာ

မင်း ပုံရိပ်လေး အမြဲရှိတယ်…..

နေရစ်ခဲ့ပါတော့ကွယ်

ဆုံစည်ခွင့် မရနိုင်ကြတော့မယ့် အတူတူ

သောကအပူ ဟူသမျှကိုယ်သာ ယူဆောင်ရင်း

မင်း မသိတဲ့ တနေရာမှာ

ကိုယ် အမြဲရှိနေဦးမယ် ဆိုတာကိုလည်း

မင်း မသိတော့တာပဲ ကောင်းပါတယ်

Sunday, March 23, 2008

မိုးရာသီ အလွမ်း

ကောင်မလေးရေ…..

ငါသာ ကောင်းကင်ကြီး ဖြစ်ခဲ့ရင်

မျှော်လင့်ထားတဲ့ မနက်ဖြန်တွေအတွက်

နာရီတွေ အားလုံးကို

မိုးစက်တွေ အဖြစ်နှင့်

ရွာချလိုက်ချင်ပါတယ်

လောလောဆယ်မှာတော့

ငါ လွမ်းတတ်တယ်ဆိုတာ

မင်းမေ့ချင် မေ့နေလိမ့်မယ်…..

ဒါမှမဟုတ်

အရာ အားလုံးနှင့်အတူ

ငါ့ကို ထားပြီးပြောင်းလဲချင်

ပြောင်းလဲသွားနိုင်တယ်…..

ရပါတယ် ဘာပဲဖြစ်ဖြစ်

ရင်ထဲက နေရာတစ်ခုကိုတော့

အချိန် ဆိုတာကြီးက

မတိုက်စားနိုင်လောက်ပါဘူး…..

ဒါပေမဲ့ အခု

မိုးတွေ ရွာတဲ့ရာသီမှာ

ငါမင်းကို တွေ့ချင်တယ်….

Saturday, March 22, 2008

ဖြေသိမ့်မှု

ချစ်သူ မရှိတဲ့ည

ကဗျာမဆန်ပုံများ

လမင်းကြီးဘေး ကြယ်လေးတွေမရှိသလို

ကာရံမဲ့နေလိုက်တာ

ပိုပြီးတောင် လွမ်းစရာကောင်းနေတယ်…..

ခွဲခဲ့ကြရပြန်ပြီနော်

ပြန်ဆုံတွေ့ဖို့ မသေချာပေမဲ့

ရင်ထဲက အချစ်တွေက

ဟောင်းမသွားဘူး ဆိုတာတော့

မင်းသိသွားဖို့ ကောင်တယ်…..

မျှော်လင့်ချက်တွေ အများကြီးမထားဖို့

ပြောရက်တဲ့ ချစ်သူရယ်

မင်းမေ့နေပြီလား

လူဆိုတာ မျှော်လင့်ချက်တွေနှင့်

ရှင်သန်နေတဲ့ အကြောင်း…….

ခြွင်းချက် အနေနှင့်

ငါ့ အချစ်စစ်မှန်ခဲ့ရင်

မင်းနှင့် ပြန်းဆုံတွေ့ခွင် ရဖို့လေတော့

ငါ့ကို မျှော်လင့် စောင့်စားခွင့်ပေးပါ…..

အဲဒါကလည်း

မင်းနှင့် ပတ်သက်တဲ့

ရယူလိုမှု ပိုင်ဆိုင်လိုမှု ကင်းတဲ့

ငါ့ အတ္တ အဖြူထည်လေး အတွက်

ဖြေသိမ့်မှုလေး တစ်ခုတော့

ဖြစ်တန်ကောင်းပါရဲ့…..

Thursday, March 20, 2008

ညတစ်ညရဲ့ ဆုတောင်း

သတိရခြင်းတွေ ထုပ်ပိုးလို့

မင်းဆီအရောက် ပို့လိုက်တယ် ချစ်သူ…

ကြယ်စင်တွေ လင်းလက်

လမင်းရဲ့အလင်း တစ်ဝက်နှင့်အတူ

အိပ်ပျက်ညတေါက သိပ်များ

မင်းကို တအားချစ်ခဲ့ပါတယ်…

အပိုလို့ ဆိုနေမလား ချစ်သူ

အများတကာ အိက်မောကျ

ညရဲ့အလှလည်း မသိနိုင်

အထီးကျန် တစ်ကိုယ်တည်း ထိုင်ကာတွေး

မင်းနှင့်ကိုယ်ရဲ့ အနာဂတ်ရှေ့ရေးလေ

ပိုင်ဆိုင်ရပါစေကြောင်း

ဆုတောင်းတိုင်းသာ ပြည့်ခဲ့ရင်

လွမ်းရတဲ့ညတွေ လွန်မြောက်

စိတ်ကို ထွက်ပေါက်တစ်ခုပေးလိုက်ချင်တယ်…..

တကယ်ပါ ချစ်သူ..

အဝေးကြီးကို မျှော်မှန်းလို့

မင်းကို အရမ်းလွမ်းနေခဲ့ပါတယ်….

ကံကြမ္မာရယ်

တောင်းခွင့်သာ ရှိမယ်ဆိုရင်

ဒီဘ၀နှင့် နောင်ဘ၀များစွာအတွက်

ဆုတစ်ခု ပေးပါ

နှစ်လိုစွာ ဆန္ဒပြုရင်း

မင်းနှင့် ကိုယ့်အတွက်

လှပတဲ့ အနာဂတ် တစ်ခုပိုင်ဆိုင်ပါရစေလို့လေ….

မလွမ်းဖြစ်ခဲ့သော

ရင်ဘတ်ထဲက ပန်းတစ်ပွင့်

မင်းခြွေချလို့ နင်းရစ်ပြီးမှတော့

နှစ်သိမ့်မှုဆိုတာ မလိုပါဘူး….

ပျံသန်းသွားမှ သိလိုက်ရတယ်

ငါပိုင်ဆိုင်ချင်တဲ့ မင်းဟာ

မျက်ရည်တွေကိုဖြို ရင်ခွင်ကိုငိုစေတဲ့

ဆောင်းခိုငှက် တစ်ကောင်ဆိုတာ

မဆုံနိုင်တာ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်း

နောင်ပို ငါဘယ်တော့မှ မေးဖြစ်မယ်မထင်ဘူး

ကြေကွဲခြင်း အတ္တနှင့်

သံသယ တွေရဲ့ကြားမှာ

အဖြေတွေက လုံးပါးပါးသွားခဲ့ပြီပဲ…

ချစ်သူရေ

အလွမ်းတွေကို ဟိုအရင် ငါအထင်မကြီးခဲ့သမျှ

မင်းနှင့်ဝေးတဲ့ သည်ရာသီခါမှ

သူတို့က ဟားတိုက်လို့ ရယ်နေကြပြီ……